15 Quotes by Kyi Aye

  • Author Kyi Aye
  • Quote

    ဒါပေမယ့် လင်းကလည်းမပြောဘူး။ သူ့မှာပြောစရာရှိသေးတယ်ဆိုတာ နန္ဒာသိပါတယ်။ သူကတော့မပြောဘူး ။ နန္ဒာကလည်းမမေးဘူး။ မာနမဟုတ်ပါဘူး။ မပြောချင်တာကို မမေးသင့်ဘူးထင်လို့ပါ။ မရေရာတာကိုလည်း မစုံမက်လို့ပါ။

  • Tags
  • Share

  • Author Kyi Aye
  • Quote

    စိတ်သက်သာမှုအတွက် အဓိပ္ပါယ်မရှိသော မိုက်သည်၊ လိမ္မာသည်၊ ရှက်သည်ဆိုတာတွေ နောက်ကိုလိုက်တော့မည်။ အဓိပ္ပါယ်မရှိ၊ အဘယ်ကြောင့်ဆိုလျှင် အမိုက်နှင့်အလိမ္မာသည် ပြောင်းလဲနေသော အချိန်ကာလများက တစ်မျိုးပြီးတစ်မျိုး အမည်တပ်ထားသော လူတို့၏ ရမ်းဆချက်များသာ ဖြစ်တော့သည်။

  • Tags
  • Share

  • Author Kyi Aye
  • Quote

    ရာဇဝင်အဆက်ဆက်မှာ လူမျိုးအချင်းချင်းပေါင်းပြီး လူမျိုးသစ်ဖြစ်လာတာ၊ လူမျိုးတစ်မျိုးက တစ်မျိုးကို မျိုသွားတာတွေ ရှိသားပဲ။ တရုတ်ခေါ်ခေါ်၊ အင်္ဂလိပ်ခေါ်ခေါ် လူတွေလည်း လူလူချင်း ရောနှောသွားတာပဲ၊ အထွေးတော့ ဘာမှ ကန့်ကွက်စရာမရှိပါဘူး၊ ဗမာမှ ယူမယ် စိတ်မကူးပါဘူး။ တကယ်တော့ ဂျာမန်ကောင်းကင်မှာ ဂျူးလူမျိုးတွေ ပြာကျတဲ့ အငွေ့နဲ့ မှောင်မည်းသွားတဲ့ အဖြစ်မျိုးသာ ကြောက်စရာ ရွံ့စရာပါ။

  • Tags
  • Share

  • Author Kyi Aye
  • Quote

    ကျွန်တော်ကတော့ ရိုးဖြောင့်ချင်သူမျှသာ ဖြစ်ပါတယ်။ ကျွန်တော် နှစ်သက် သဘောကျသလိုသာ သူများကို မထိပါးစေဘဲ နေချင်ပါတယ်။

  • Tags
  • Share

  • Author Kyi Aye
  • Quote

    စင်စစ်တော့လည်း တစ်ဦး၏အတွင်းစိတ်ကို တစ်ဦးသိနိုင်အောင်သာ လူခပ်သိမ်းတို့အား ဘယ်လူမျိုး၏ ဘုရားဖြစ်ဖြစ် တစ်ဆူသောဘုရားက ဖန်တီးခဲ့မည်ဆိုလျှင် ဒီကမ္ဘာကြီး၏ အရှုပ်အထွေးများမှာ အနည်းနှင့်အများတော့ ပြေလည်စရာအကြောင်း ရှိပေဦးမည်။

  • Tags
  • Share

  • Author Kyi Aye
  • Quote

    မိန်းမဟူသည်ချောမောလှပမှ သို့မဟုတ် ပညာဉာဏ်ကြီးမားမှ သို့မဟုတ် ဖွဲမျှသာတည်း။

  • Tags
  • Share