4 Quotes by Kyi Aye about existentialism

  • Author Kyi Aye
  • Quote

    အနုပညာသမားပေါ့.. စိတ်ကိုသိမ်မွေ့ ယဉ်ကျေးစေရုံမက အထီးတည်းနိုင်စေသော၊ သူတကာနှင့် မရောနိုင်စေသော၊ တစ်ယောက်ထည်း ဖယ်ခွာထွက်လာစေသော ထိုအရာသည် ဝေဒနာခံစားရာ၌ ပြင်းပြစေဦးမည်။ အကောင်းကိုချည်း အလှကိုချည်း မျှော်မှန်းစေဦးမည်။ ခွင့်လွှတ်ခက်ခဲသော သဘောထားစေမည်။ စိတ်ကူးယဉ်တတ်စေဦးမည်။

  • Tags
  • Share

  • Author Kyi Aye
  • Quote

    လောက၌ အိပ်မက် မက်တတ်သူသာ မက်ရသည်ပဲ။ ဒါဟာ နန္ဒာရဲ့ အမှားတော့ ဖြစ်သည်။ သို့သော် နန္ဒာမပြုလုပ်ခဲ့ရသော မွေးကတည်းက ပါသော အမှားဖြစ်သည်။ ထိုအမှားကြောင့် စိတ်သိမ်မွေ့ရသည်။ အထီးတည်းနိုင်ရသည်။ သူတကာနှင့် ရောလို့ မရသည်။ တယောက်တည်း ဖဲခွာထွက်လာတတ်စေသည်။ ဝေဒနာခံစားရာ၌ ပြင်းပြစေသည်။ လောက၍ အကောင်းဆုံးချည်း၊ အလှကိုချည်းမြင်စေ၊ မျှော်မှန်းစေပြီး အကောင်းနှင့်အလှဆိုတာချည်း ဖြစ်နိုင်သည်ဟု ယုံမှားစေသေး၏။ စိက်ကူးယဉ်စေ၏။ စိတ်ဒဏ်ရာ ရလွယ်စေ၏။ မေ့ပျောက်ခဲစေ၏။

  • Tags
  • Share

  • Author Kyi Aye
  • Quote

    ကျွန်တော်ကတော့ ရိုးဖြောင့်ချင်သူမျှသာ ဖြစ်ပါတယ်။ ကျွန်တော် နှစ်သက် သဘောကျသလိုသာ သူများကို မထိပါးစေဘဲ နေချင်ပါတယ်။

  • Tags
  • Share

  • Author Kyi Aye
  • Quote

    စင်စစ်တော့လည်း တစ်ဦး၏အတွင်းစိတ်ကို တစ်ဦးသိနိုင်အောင်သာ လူခပ်သိမ်းတို့အား ဘယ်လူမျိုး၏ ဘုရားဖြစ်ဖြစ် တစ်ဆူသောဘုရားက ဖန်တီးခဲ့မည်ဆိုလျှင် ဒီကမ္ဘာကြီး၏ အရှုပ်အထွေးများမှာ အနည်းနှင့်အများတော့ ပြေလည်စရာအကြောင်း ရှိပေဦးမည်။

  • Tags
  • Share